Blogger Widgets

Monday, April 15, 2013

တစ်သက်တာလုံး သင်ယူရေး

“ကျောင်းသားကို တစ်နေ့တာမှာ သင်ခန်းစာတစ်ခု သင်ကြားနိုင်ပါတယ်။ ဒါပေမယ့် စူးစမ်းလေ့လာလိုစိတ်ကို ဖန်တီးအသုံးချခြင်းဖြင့် လေ့လာသင်ယူမှုကိုသာ သင်ကြားပေးလိုက်လို့ကတော့ သူအသက်ရှင်သန်နေသမျှ ကာလပတ်လုံးမှာ သင်ယူလေ့လာမှု လုပ်ငန်းစဉ် ကို ဆက်လုပ်သွားပါလိမ့်မယ်။”

ကလေး ပီ. ဘတ်ဖို့ဒ်

"You can teach a student a lesson for a day; but if you can teach him to learn by creating curiosity, he will continue the learning process as long as he lives."

Clay P. Bedford








မိမိသာလျှင် သူရဲကောင်း

ကျောင်းကန်ရိပ်မှာ
ဒေါင်းလံ မချိတ်
ဒေါင်းသံ ဆိတ်နေတဲ့ ယခုအခါ။

ဒေါင်းမတွန်ငြာ့း၍ ထင့်
ကျောင်းမွန်တံခါးလဲ ပိတ်နေရှာ။

နှစ်တွေက ကြာ
ခေတ်တွေက နာ
ပညာတွေက ဆိတ်သုဉ်း
အချိန်တွေကလဲ ပြုန်း
ကြာမဆုံး နာမဆုံး
လာပါအုံး။

လာပါအုံးခေါ်လဲ မလာ
ကယ်ပါအုံးခေါ်လဲ မကယ်
မိမိကိုသာ ကိုးကွယ်ပါမှ
ကိုယ့်နယ် ကိုယ်အားထား
ကိုယ့်ဓားကို ကိုယ်ကိုင်စြွဲပီး
သူရဲကောင်း ကိုယ်တိုင်လုပ်မှ
ဟုတ်ပေ့ စံထုံး။
လုပ်ဟေ့ အမြန်ဆုံး။ ။

တင်မိုး

No comments:

Post a Comment