Blogger Widgets

Monday, April 22, 2013

ကျောက်ကပ်သန်မာ လူကျန်းမာ






ဆောင်းရာသီဝင်လာပြီဆိုမှဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ ရှိတဲ့ ဒေသအလိုက် ချမ်းအေးမှုဒဏ်ကို

အနည်းနဲ့ အများ ခံစားကြရမှာ မလွဲမသွေ ဖြစ်ပါတယ်။

  
  အေးချမ်းတဲ့ ရာသီဒဏ်နဲ့ အတူ သက်ရှိတွေရဲ့ ဇီဝဖြစ်စဉ်တွေ ၊ ပြောင်းလဲမှုတွေ  ဟာလည်း
        
  နှေးကွေးလာတတ်တာ ဓမ္မတာသာဖြစ်ပါတယ်။ အထူးသဖြင့် သက်ရှိလူသားတွေ အတွက် 

  အသက်ကြီး ရွယ်အိုတွေနဲ့ အားအင်ချည့်နဲ့ သူတွေက ပိုပြီး အအေးဒဏ်ကို ခံစားရလေ့ ရှိကြပါ
   
   တယ်။


တရုတ်ရိုးရာ တိုင်းရင်းဆေးပညာ အလိုအရ ယင်နဲ့ ယန် ဆိုတဲ့ အပူအအေးဓာတ်တွေ အနက် 

ယန်ဓာတ်ဟာသဘာဝနည်းအရ ကုန်ခမ်းတတ်တာဟာ ဆောင်းရာသီမှာဖြစ်တယ်လို့ ယူဆ

ကြပါတယ်။ ရှေးဟောင်းတရုတ်ရိုးရာ ဆေးပညာလက်စွဲကျမ်းတွေမှာလည်း အေးတဲ့ရာသီမှာ 

ယန်ဓာတ်လျော့နည်းသွားတတ်ကြောင်း ဖော်ပြထားခဲ့ပါတယ်။
 
   
ယန်ဓာတ်ဟာ သူရိယနေမင်းကြီးလို ကမ္ဘာကို အပူနဲ့ အလင်းရောင်ပေးစွမ်းနိုင်တဲ့ခန္ဓာကိုယ်တွင်းက

ဓာတ်တစ်ခုဖြစ်ပါတယ်။ နေမင်းကြီးမရှိရင် သဘာဝအလင်းရောင် မရှိသလို၊ သဘာဝ အပူဓာတ်

မရနိုင်တဲ့အတွက် ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိတွေ အာလုံး အသက်ရှင်နေနိုင်တော့မှာ မဟုတ်ပါဘူး။ 
 
ဒီလိုပဲ ယန်ဓာတ်မရှိရင်လဲ လူသားတစ်ဦးဟာ အသက်ရှင်ဖို့ ခဲယဉ်းပါတယ်တဲ့။

     
တရုတ်ရိုးရာဆေးပညာအလိုမှာ ယန်ဓာတ်ဟာ ခန္ဓာကိုယ် အတွင်း အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်တဲ့

ကျောက်ကပ်က ထုတ်ပေးတာလို့ ဆိုပါတယ်။ ကျောက်ကပ်ဟာ အပူဓာတ် ပေးစွမ်းနိုင်တဲ့

မွေးရာပါ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်လို့ အသက်ရှင်ရေး အတွက် မရှိမဖြစ် လိုအပ်လှပါတယ်။

မျိုးပွားတာဝန်ကို ထမ်းဆောင်ရာမှာလည်း ကျောက်ကပ်က ဦးဆောင်ပေးပြီး အာဟာရဓာတ်

ဖြစ်တဲ့ အဆီအနှစ်တွေစုဝေးရာလည်း ဖြစ်ပါသတဲ့။

             

  လူတစ်ယောက်ရဲ့ ကျန်းမာရေးအခြေအနေဟာလည်း ကျောက်ကပ်ကောင်း မကောင်းပေါ်မှာ

  မူတည်နေတယ်လို့ သိရပါတယ်။ ကျောက်ကပ်တွေ အလုပ်ကောင်းကောင်း လုပ်ရင် လူလည်း
          
   ကျန်းမာမယ် အလုပ်ကောင်းကောင်း မလုပ်ရင် လူလည်း ချူချာလာ ပါရောတဲ့။



အေးချမ်းလှတဲ့ရာသီမှာ အအေးဒဏ်ခံနိုင်ဖို့ ခန္ဓာကိုယ် တစ်ခုလုံးရဲ့ စွမ်းရည်နဲ့ ကယ်လိုရီဓာတ်တွေ 

ပြည့်ဝဖို့လိုပါတယ်။ ကယ်လိုရီ ဓာတ်အလုံအလောက် မရှိရင် အချမ်းဒဏ်ကို မခုခံနိုင်တော့ပါဘူး။

လူတစ်ယောက်ဟာ သူရဲ့ ကျောက်ကပ်တွေ ကောင်းကောင်းအလုပ်မလုပ်နိုင်ရင်ယန်ဓာတ်

နည်းပါးပြီးမူးဝေခြင်း၊ရင်တုန်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ခါးနာခြင်း၊ဆီးသွားရတာ မဝခြင်း 

စတဲ့ရောဂါ လက္ခဏာတွေ ခံစားရတတ်ပါတယ်။


ဒါကြောင့် ကျောက်ကပ်သန်မာအောင် ကျန်းမာရေး လေ့ကျင်ခန်းတွေ လုပ်ပေးဖို့ လိုလာပါတယ်။

ကျောက်ကပ်သန်မာအောင် လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးခြင်း တခြားရောဂါတွေ

မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ တရုတ်ရိုးရာတိုင်းရင်းဆေးမှာ ကျောက်ကပ် 

သန်မာအောင်လုပ်တဲ့ နည်းတွေ အမျိုးမျိုးရှိပါတယ်။ ဆောင်းရာသီမှာ နေ့တာတိုပြီး ည

တာရှည်လေ့ရှိတာ သတိထားမိကြပါလိမ့်မယ်။


ဒါကြောင့် ညဘက် စောစောအိပ်ပြီး နံနက်ကို နောက်ကျပြီးမှ အိပ်ရာက ထပါ။အိပ်ရာက 

နိုးတာနဲ့ နေရောင်ခြည်ကို ရယူပြီး နေရောင်အောက်မှာ နေပူစာ လှုံပေးပါ။


ကယ်လိုရီဓာတ်များများပါတဲ့ အစားအစာတွေ များများစားပေးပါ။ အင်္ကျီအဝတ်အစားတွေကို 

ကျပ်ကျပ်မဝတ်ဘဲ ပွရောင်းပြီးထူထဲတဲ့ အဝတ်အစားတွေ ဝတ်ဆင်သင့်ကြောင်းလည်း 

အကြံပေးထားပါတယ်။ အသက်ကြီးသူ၊ အားနည်းသူတွေအတွက်ကျောက်ကပ်ကို

အားအင်ပြည့်ဖြိုးစေနိုင်တဲ့ အစားအစာတွေ စားပေးရပါတယ်။


အဲဒါတွေကတော့ ဆိတ်သားပြုတ်ကြော်၊ သိုးသားကင်၊ ကြက်စွပ်ပြုတ်ရည်၊ ဘဲသားတို့ပါပဲ။

ဆောင်ရာသီမှာ ကျောက်ကပ်သန်မာအောင် လေ့ကျင့်နည်းတွေ ကတော့အောက်ပါ အတိုင်းပါပဲ။


(၁)လေ့ကျင့်ခန်း

   
ခြေနှစ်ချောင်းကို တစ်ထွာခန့် ခွာလျက် မတ်တတ်ရပ်ပါ။လက်နှစ်ဘက်ကို ဆန့်လျက် 

ဖြည်းဖြည်းချင်း အပေါ်သို့ မြှောက်ပါ။ခေါင်းပေါ်ရောက်တဲ့ အခါပြန်ပြီး မူလနေရာကို 

ဖြည်းညင်းစွာ ချထားပါ။ လေးကြိမ်ပြုလုပ်ပါ။တစ်နေ့လျှင် လေးကျော့လေ့ကျင့်ပေးပါ။    


သတိပြုရန်မှာ

လေ့ကျင့်ခန်း(၁)ကို မပြုလုပ်မီ အကြောများ ဖြေလျှော့လျက် သက်သက်သာသာနေပါ။ 

လက်နှစ်ဖက်ဆန့်လျက် ခေါင်းပေါ်ရောက်အောင်မြှောက်သည်အခါ အသက်ကို ရှူသွင်းပါ။

ပြန်ချသည့်အခါ အသက်ကို ရှူထုတ်ပါ။ လေ့ကျင့်ခန်းကို ဖြည်းဖြည်းနှင့် ညင်သာစွာပြုလုပ်ပါ။


အကြောအဆစ်များ ဖြေလျှော့လျက်၊ သွေးလှည့်ပတ်မှုကို လှုံ့ဆော်ပေးသဖြင့် 

ခန္ဓာကိုယ်လိုအပ်သော အားအင်နှင့် ကျောက်ကပ်သန်မာမှုကို ပေးပါသည်။

မောပန်မှု ကိုလည်း ပြေပျောက်စေပါသည်။

(၂)လေ့ကျင့်ခန်း


ခြေနှစ်ချောင်းချလျက် မတ်မတ်ထိုင်ပါ။ ဘယ်ပေါင်ပေါ် ဘယ်လက်၊ ညာပေါင်ပေါ် 

ညာလက်တင်ထားပါ။ ဘယ်လက်ကို တံတောင်ဆစ်ကွေးလျက်လေထဲထွင်

ပစ္စည်းတစ်ခုခုကို မြှောက်လိုက် ချလိုက် လုပ်သကဲ့သို့ လက်ကို လက်ဖဝါးအထက်သို့ လှန်လျက် 

အထက် အောက်လှုပ်ရှားပါ။ပြီးလျှင် ညာလက်ကို ဘယ်လက်အတိုင်း လှုပ်ရှားပါ။

လေ့ကျင့်ခန်းကို တစ်နေ့လျှင် လေးကြိမ်ပြုလုပ်ပါ။

သတိပြုရန်

လေထဲတွင် လက်ကို လှုပ်ရှားနေစဉ် အသက်ကို ရှူသွင်းလျက် လက်ကို ပေါင်ပေါ်သို့ 

ပြန်ချထားသည့် အခါတွင်မှ အသက်ကို ရှူထုတ်ပါ။


(၃)လေ့ကျင့်ခန်း


လေ့ကျင့်ခန်း(၂)မှာ ကဲ့သို့ ခြေနှစ်ချောင်း တွဲလောင်းချထိုင်ပါ။ပြီးလျှင် ကိုယ်ကို

တည့်မတ်ထားလျက် ခါးမှ ဘယ်ဘက်တစ်ကြိမ်၊ညာဘက် တစ်ကြိမ် လေးကြိမ်စီ လှည့်ပေးပါ။


ပြီးလျှင် ခြေထောက်ကို ဘယ်ညာလွှဲပေးပါ။မိမိနိုင်သလောက် လေ့ကျင့်မှုအကြိမ်ကို 

ပြုလုပ်လေ့ကျင့်ပါ။

သတိပြုရန်

ကိုယ်ကို ဘယ်ညာလှည့်ရာတွင် အကြောများ ဖြေလျော့ထားလျက် ဖြည်းညင်းစွာ လှည့်ပေးပါ။ 

ကိုယ်ကို ဘယ်ညာလှည့်ပေးခြင်းသည်ကျောက်ကပ်ကို သန်မာစေရုံသာမကကျောဘက်ရှိ

ကြွက်သားများကိုပါ အထောက်အကူဖြစ်စေပါသည်။

(၄)လေ့ကျင့်ခန်း

မတ်မတ်ထိုင်လျက် လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာသည်အထိ ပွတ်ပေးပါ။ ပြီးလျှင် ကျောဘတ်သို့ 

လက်ဖဝါးဖြင့် အထက်အောက် ပွတ်ပေးပါ။ကျောတစ်လျှောက် ပူနွေးမှု ခံစားရသကဲ့သို့

ကျောက်ကပ်ကိုပါ အပူဓာတ်ရစေပါသည်။ထိုအပြင် ကျောပြင်ရှိ ကြွက်သားများသန်မာစေပြီး

သွေးလှည့်ပတ်မှုကိုပါ ကောင်းစေပါသည်။ ကြွက်သားနှင့် အဆစ်များလည်း ပြေလျော့စေပါသည်။


(၅)လေ့ကျင့်ခန်း


ပေါင်နှစ်ခုကို ပူးကပ်ထားပြီး မတ်တပ်ရပ်ပါ။ ခြေမျက်စိချင်းထိနေပါစေ။ လက်ကောက်ဝတ်ချင်း 

ယှက်လျက် ရင်ဘတ်ရှေ့တွင် ထားပြီး လက်များကို ခေါင်းကျော်သည်ထိ မြှောက်တင်ပါ။ ပြီးလျှင် 

ခါးမှ ကွေးလျက် လက်ဖျားနှင့် မြေကြီးထိအောင်ရှေ့သို့ ကုန်းချပါ။ပြီးလျှင်ဒူးကို လက်နှင့် 

ပိုက်လျက် ဆောင့်ကြောင့် ထိုင်လိုက်ပါ။ လေ့ကျင့်ခန်းကို ၁၀ကြိမ်ပြုလုပ်ပါ။


ဖော်ပြပါ လေ့ကျင့်ခန်းများသည် ကျောက်ကပ်များ သန်မာစေရုံသာမက ခန္ဓာကိုယ်အတွက် 

လိုအပ်သော စွမ်းရည်များ တိုးတက် စေပါသည်။ သွေးလှည့်ပတ်မှုကို ကောင်းစေသည့်

အတွက် ဆောင်းရာသီကဲ့သို့ အေးချမ်းသည့် အချိန်တွင် နွေးထွေးမှုကို ပေးပါသည်။

ထို့အပြင် ကျောက်ကပ် ၊ ဆီးအိမ်များနှင့် ပတ်သက်သော ရောဂါများဖြစ်သည့် ခါးနာခြင်း ၊ 

ဒူးရောင်ခြင်း၊ ပန်းသေခြင်း၊ အမျိုးသမီးများ မီးယပ်အဖြူဆင်းခြင်း၊ မူးဝေခြင်း 

အစရှိသည့် ဝေဒနာများကို သက်သာ ပျောက်ကင်းစေနိုင်ကြောင်း သိရပါသည်။

ဒေါက်တာအောင်နိုင်
(ဆေးသုတေသန)


ကျောက်ကပ်ရောဂါအတွက်  ကုနည်း


သလင်းကျောက်လေးနဲ့ ကျောက်ကပ်နေရာကို ကပ်လိုက် ခွာလိုက် လုပ်ပေးပါ။ 

သလင်းကျောက်နဲ့ ရောဂါနေရာကို တစ်မိနစ်တိတိ ထိပေးပါ။ တစ်မိနစ်ပြည့်လျှင် ခွာလိုက် 

၊နောက်ပြန်ကပ်လိုက်ပြုလုပ်ပေးပါ။ ဒီနည်းသည် ရောဂါဝေဒနာ သက်သာလာသည့် ကို

တွေ့ရပါမည်။


(သလင်းကျောက်ဟာ မြေထွက်ကျောက်မျိုးတွင် အခြားရောင်ခြည်ရောင်စဉ်ကို

ဘေးဖြာထုတ်ပေးပါတယ်။တစ်ခြား မြေထွက်ကျောက်မျိုးတွေဟာ သူတို့ရောင်ခြည် 

အတွင်းဝေ့ဝင်ပါတယ်။ရောင်စဉ်တိုင်းကိရိယာနဲ့ ကြည့်ရင် ထင်းရှားစွာတွေ့နိုင်ပါသည်။)
  

သလင်းကျောက်ကို ဂျပန်တွေဟာ ဒါကြောင့် လည်ဆွဲ အဖြစ် ဝတ်ဆင်ကြပါတယ်။
   
        ဆရာသာဂဒိုး
(စူလာနဖာနှင့် ဆေးနည်း ဆေးပင်များ၂)



ကျန်းမာကြပါစေ………………..သိန်းဇော်


No comments:

Post a Comment