Blogger Widgets

Monday, April 15, 2013

အရေးကြောင်းပျောက်ခရင်မ် ဝယ်တဲ့အခါ

သင့်မျက်နှာက အရေးကြောင်းတေါကို ပျောက်ကင်းစေဖို့အတွက် အရေးကြောင်း ပျောက် (Anti Wrinkle) ခရင်မ်တွေကို သုံးတဲ့အခါ အိုမင်းမှုနဲ့ အရေးကြောင်း တွေကို ချက်ချင်း မပျောက်ကင်း နိုင်စေပေမယ့် ရေရှည်စွဲမြဲသံ
ုးရင်တော့ အရေးကြောင်းတွေကို ထိထိရောက်ရောက် လျော့နည်းသက်သာစေနိုင်ပါတယ်။ သင့်အတွက် အကောင်းဆုံး အရေးကြောင်းပျောက်ခရင်မ်ကို ရွေးချယ်နိုင်စေဖို့ အသုံးဝင်မယ့် အကြံပြုချက်တွေကို ဖော်ပြလိုက်ပါတယ်။

( အညွှန်းကို ဖတ်ပါ )
အရေးကြောင်းပျောက်ခရင်မ်တွေ ဝယ်တဲ့အခါ အညွှန်းကိုမဖတ်ဘဲ မဝယ်ပါနဲ့။ အညွှန်းမှာပါတဲ့ ပါဝင်ပစ္စည်းစာရင်းကို သေချာကြည့်ပါ။ အညွှန်းစာရွက်ကို ဖတ်ကြည့်မှသာ ဒီပစ္စည်းက သင့်အသားအရေအမျိုးအစားနဲ့ ကိုက်ညီအောင် ထုတ်ထားတာလားဆိုတာ သင်သိနိုင်မှာပါ။ ပါဝင်ပစ္စည်းစာရင်းကို ဖတ်ကြည့်ပြီး သင်မကြိုက်တဲ့ ပစ္စည်းပါရင် မသုံးပါနဲ့။ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ထောက်ခံထားတဲ့ ပစ္စည်းတွေ တွေ့ရင်တော့ ကောင်းတဲ့လက္ခဏာပါ။ ဘူးမှာပါတဲါ အညွှန်းကလည်း ဒီပစ္စည်းထဲမှာပါတဲ့ ပါဝင်ပစ္စည်း စာရင်းတွေ အားလုံးကို အတိအကျဖော်ပြထားသင့်ပါတယ်။ ဒီလိုပါဝင်ပစ္စည်းစာရင်း မဖော်ပြထားတဲ့၊ ဘာမှန်းမသိတဲ့ ပစ္စည်းတွေကို မသုံးသင့်ပါဘူး။

( သဘာဝပါဝင်ပစ္စည်းကို ရွေးချယ်ပါ )
အရေးကြောင်းပျောက်ခရင်မ်မှာ ဓာတုပါဝင်ပစ္စည်းတွေထက် သဘာဝ ပါဝင်ပစ္စည်း တွေပါရင် ပိုကောင်းပါတယ်။ သဘာဝ ပါဝင်ပစ္စည်းတွေက ပိုပြီး ထိထိရောက်ရောက် အလုပ်လုပ်နိုင်ကာ ဘေးထွက်ဆိုးကျိုးလည်းနည်းပါးပါတယ်။
ဒီလို သဘာဝ ပါဝင် ပစ္စည်းတွေကတော့ ဂျိုဂျိုဘာဆီ (Jojoba Oil)၊ ထောပတ်သီး (Avocado)၊ ပျားရည် (Honey)၊ မက်ကဒေးမီးယားဆီ (Macadamia Oil)၊ စပျစ်စေ့ဆီ (Grape Seed Oil)၊ သဘာဝဗီတာမင်အီး (Natural Vitamin E) Phytessence Wakame စတာတွေ ဖြစ်ပါတယ်။ ဒါကြောင့် အရေးကြောင်းပျောက် ခရင်မ်မဝယ်ခင် ဘူးပေါ်က ပါဝင်ပစ္စည်း စာရင်းမှာ ဒီနာမည်တွေကို ရှာကြည့်ပါ။

( နာမည်ကောင်းတဲ့ ကုမ္ပဏီက ပစ္စည်းကို ရွေးချယ်ပါ )
နာမည်ကောင်းတဲ့ အလှကုန် ပစ္စည်းကုမ္ပဏီတွေက ထုတ်လုပ်တဲ့ အရေးကြောင်း ပျောက်ခရင်မ်တွေကို ရွေးချယ်ပါ။ နာမည်ကောင်းနဲ့ ကျော်ကြားပြီး နှစ်ပေါင်း ကြာရှည်တည်တံ့နေတဲ့ အလှကုန်ပစ္စည်းကုမ္ပဏီတွေက သုတေသနတွေ ပိုလုပ်ဖြစ်ပြီး အရည်အသွေးမြင့်တဲ့ ပစ္စည်းတွေကို ထုတ်လုပ်ကြပါတယ်။ လုံးဝမသိတဲ့ ကုမ္ပဏီက ပစ္စည်းကို ဝယ်တာထက် ဒီလိုနာမည်ကောင်းတဲ့ ကုမ္ပဏီက ပစ္စည်းကိုဝယ်တာက

No comments:

Post a Comment