Blogger Widgets

Monday, April 15, 2013

အရေပြားဆိုင်ရာ ကျွမ်းကျင်သူ တစ်ယောက်ကဲ့သို့ ဈေးဝယ်တတ်စေရန်



မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ကြည့်ပြီး လက်ရှိ သုံးနေတဲ့ အသားအရေထိန်း ပစ္စည်းတွေက ဘာမှ မထူးခြားစေပါလားလို့ တွေးတောနေမိပါသလား။  သင့်အသားအရေ အတွက် တကယ် ထိရောက်တဲ့ အသားအရေထိန်း ပစ္စည်းတွေကို ဝယ်ယူ အသုံးပြုတတ်စေဖို့ အရေပြားဆိုင်ရာ ကျွမ်းကျင်သူတွေ ဝယ်ယူတတ်ကြတဲ့ အသားအရေထိန်း ပစ္စည်းတွေ အကြောင်းကို အကြံပြု ရေးသားလိုက်ရပါတယ်။

၁။ ဖောင်ဒေးရှင်းမိတ်ကပ် (Foundation)

အထူးသဖြင့် ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင် အမျိုးသမီးတွေ အနေနဲ့ အထူး သတိထားဖို့ပါ။ မျက်နှာ အသားအရေကို စပ်ဖျဉ်းဖျဉ်း ဖြစ်စေနိုင်တဲ့ ပါဝင်ပစ္စည်းတွေ မပါဝင်တဲ့ သဘာဝ (Natural) ပစ္စည်းတွေနဲ့ လုပ်ထားတဲ့ ဖောင်ဒေးရှင်း မိတ်ကပ်ကိုသာ ဝယ်သင့်ပါတယ်။

၂။ မျက်နှာဆေး ဆပ်ပြာရည် (Cleanser)

အစိုဓာတ် (Moisture) ပါတဲ့ မျက်နှာဆေး ဆပ်ပြာရည်ကို သုံးမှသာ မျက်နှာကို သန့်စင် ဆေးကြောပြီးတဲ့ အခါမှာလည်း ခြောက်သွေ့မသွားဘဲ မျက်နှာ စိုပြည်နေမှာ ဖြစ်ပါတယ်။

 ၃။ လက်သည်း သန်စွမ်းစေသော ဆေး (Nail Strengthener)

ပရိုတင်းဓာတ်နဲ့ ကယ်လ်စီယမ်ဓာတ်တို့ ပေါများစွာ ပါဝင်တဲ့ လက်သည်း သန်စွမ်းစေတဲ့ ဆေးကို တစ်ပတ်တစ်ကြိမ် ဆိုးပေးရင် လက်သည်းနီ ဆိုးတာကြောင့် လက်သည်းတွေ ထိခိုက်ပျက်စီးမှု မရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။

၎။ အရေးကြောင်း တိုက်ဖျက်ဆေး (Wrinkle Fighter)

လက်ဖက်စိမ်း b လက်ဖက်ခြောက် Hyaluronic acid နဲ့ ရက်တီနော (Retinol) ပါတဲ့ အမျိုးအစားကို ဝယ်ပါ။ လက်ဖက်စိမ်း လက်ဖက်ခြောက်က အရေပြား စပ်ဖျဉ်းဖျဉ်း ဖြစ်တာကို လျော့ပါးစေပြီး Hyaluronic acid က အစိုဓာတ် ပြည့်ဝစေပါတယ်။ အရေးကြောင်း ကင်းပြီး ဆဲလ်တွေ သန်စွမ်းနုပျိုအောင် ရက်တီနော (Retinol) က အားဖြည့်ပေးပါတယ်။

 ၅။ နေရောင်ကာခရင်မ် (Sunscreen)

နေရောင်ကို ကာကွယ်နိုင်တဲ့ SPF ၅၀ နဲ့ အထက် ပါတဲ့ နေရောင်ကာခရင်မ်ကို လိမ်းပြီးမှ အိမ်အပြင် ထွက်ပါ။

၆။ မျက်ဝန်းအတွက် ကွန်ဆဲလ်လာ (Undereye  Concealer)

ညိုနေတဲ့ မျက်ကွင်းကို ဖုံးအုပ်ဖို့ အတွက် အဝါရောင်ကို အခြေခံတဲ့ ကွန်ဆဲလ်လာက အကောင်းဆုံးပါ။ ကွန်ဆဲလ်လာ လိမ်းပြီးတဲ့ အချိန်မှာ မျက်နှာကို ပိုတောက်ပပြီး လန်းဆန်းသွားတတ်ပါတယ်။

၇။ အသားအရေကို တောက်ပစေသည့် လိုးရှင်း (Skin Refresher)

အင်တီအောက်ဆီဒင့်နဲ့ ကဖင်းဓာတ်ပါတဲ့ လိုးရှင်းဟာ အသားအရေကို ချက်ချင်းလက်ငင်း တောက်ပစေပါတယ်။

၈။ နှုတ်ခမ်းအဆီ  (Lip  Balm)

ဗာဒံစေ့ဆီနဲ့ ရှားစောင်းပါတဲ့ နှုတ်ခမ်းအဆီကြည်ဟာ နှုတ်ခမ်းသားတွေကို ချောမွတ်ကာ တင်းရင်းစေပါတယ်။ နေရောင်ကာနိုင်တဲ့ အမျိုးအစားကို ဝယ်ပါ။

 ၉။ ခန္ဓာကိုယ်လိမ်း လိုးရှင်း (Body Lotion)

သံလွင်ဆီ Shea butter နဲ့ ဓာတ်မတည့်မှု မဖြစ်စေတဲ့အရာ (Anti irritants) တွေ ပေါင်းစပ်ပါဝင်တဲ့ ခန္ဓာကိုယ်လိမ်း လိုးရှင်းဟာ ယားယံမှုကို ကင်းစေပြီး အစိုဓာတ်ကို ထိန်းထားပေးနိုင်ပါတယ်။

၁ဝ။ မျက်နှာပေါင်းတင် ကပ်ခွာ (Face Mask)

Kaolin Clay ပါတဲ့ မျက်နှာပေါင်းတင် ကပ်ခွာဟာ ချွေးပေါက်တွေကို ကျဉ်းစေပါတယ်။ မျက်နှာအသားအရေ ခြောက်တယ်လို့ မခံစားရဘဲ အသားအရေ တင်းရင်း တောက်ပစေတာကြောင့် သုံးသင့်ပါတယ်။

၁၁။ မျက်ဝန်းလိမ်း ခရင်မ် (Eye Cream)

ကြေးနီ (Copper) နဲ့ သွပ်ဓာတ် (Zinc) တို့ ပေါင်းစပ်ပါဝင်တဲ့ မျက်ဝန်းလိမ်း ခရင်မ်ဟာ သီတင်းပတ် ကိုးပတ်အတွင်း အရေပြားတင်းရင်းကာ အရေးကြောင်းတွေ ပါးလာစေပါတယ်။ မျက်ဝန်းလိမ်း ခရင်မ်မှာ ဂလစ်ဆရင် (Glycerin) နဲ့ Dimethicone တို့ ပါဝင်ရင် အရေပြားကို ပိုချောမွေ့စေပါတယ်။

ဇွန်

No comments:

Post a Comment