Blogger Widgets

Saturday, April 13, 2013

သင်္ကြန် မြန်မာထမင်း နှင့် ငါးခြောက်ထောင်းကြော်

မြန်မာထမင်း - ထမင်းရည် ဌဲ့ချက်ပုံ ချက်နည်းက - 
ဆန်များကို ရေသေချာဆေးပြီး အိုးတစ်လုံးထဲ ထည့် .. ရေပါ ဖြည့်ပြီး အိုးအဖုံးကို တစ်ဝက်လောက် ဟထားပြီး ချက်တတ်ကြပါတယ်။
ထမင်းအိုး ဝေကျပြီဆိုမှ ထမင်းရည်ဌဲ့ချက်တတ်ကြပါတယ်။
ကိုယ် ချက်ပုံ ချက်နည်းက .. အိုးထဲကို ရေတ၀က်ဖြည့်၊ မီးဖိုပေါ်တင်၊ ရေပွက်ပွက်ဆူတော့မှ ရေသေချာဆေးထားသော ဆန်များထည့်၊ အဖုံးဖွင့်ပြီး ချက်ပါတယ်။ ( တချက် .. တချက် .. ယောင်းမဖြင့် မွှေပြီး ချက်ပါတယ်။ ) 
၁၅ မိနစ်လောက် ချက်လိုက်ရင် ဆန်စေ့ကွဲပြီး ထမင်းနှပ်ပြီမို့ ဇကာထဲ လောင်းချလိုက်ပြီး ရေအေး လောင်းချပေးလိုက်ပါ။
( ထမင်းရည် လိုချင်တယ်ဆိုရင် လောင်းချမယ့် ဇကာအောက်မှာ ဇလုံ တစ်ခုကို ထားပေးထားပါ ) 
နှပ်နေသော ထမင်းပေါ်ကို ရေအေးလောင်းချပြီးတာနှင့် ဇကာဖြင့် ထမင်းများကို ရေစင်နေအောင် စစ်ထားပါ။
သင်္ကြန်ထမင်းကို ရေခဲရေ အေးအေးလေး ဆမ်းပြီး စားပါ။
ကြိုက်တတ်လျှင် ဖယောင်းချက် အနံလေး ထည့်ပြီး စားသုံးပါ။
 
 
 
 
 
ငါးခြောက်ထောင်းကြော် နှင့် သင်္ကြန် ထမင်း လိုက်ဖက်ပါတယ်။ 
ငါးခြောက်ကို ရေသေချာဆေးပါ။
ငါးခြောက်ကို ရေနွေးနွေးဖြင့် ငါးခြောက် မြုပ်ရုံလေး ရေဖြည့်ပြီး ၄ ~ ၅ နာရီကြာလောက် စိမ်ထားပါက ငါးခြောက်များ အသားပွတက်လာပါလိမ့်မယ်။
ငါးခြောက် အသားပိုများသွားတာပေါ့ ...
အဲဒီ ငါးခြောက်ကို ရေခမ်းပြုတ်ထားပါ။
အရိုးပါသော ငါးရံခြောက်ဆိုလျှင် ပြုတ်ပြီးပါက .. အရိုးထွင်ထားပါ။
ဆီပူအိုးထဲမှာ အရင်ဆုံး ငရုတ်သီးခြောက်ကို အရင်ကြော်ပီး ဆယ်ထားပါ။
ပါးပါးလှီးထားသော ကြက်သွန်ဖြူ ထည့်ကြော်ပါ။ ဆနွင်းမှုန့်ပါ ထည့် ... ပီးလျှင် ဆယ်ယူထားပြီး
ပါးပါးလှီးထားသော ကြက်သွန်နီများ ထည့်ကြော်ပါ။
ကြက်သွန်ကြော်များရရင် ဆယ်ထားလိုက်ပါ။
နွှင်ထားသော ငါးခြောက်များ ထည့်ကြော် .. အိုး မကပ်အောင် မွှေကြော်ပေးပါ။
ဆား၊ ဟင်းခတ်မှုန့် ထည့်ပါ။
ပြီးလျှင် ကြော်ထားပြီးသော ကြက်သွန်ဖြူကြော်၊ ကြက်သွန်နီကြော်၊ ငရုတ်သီးတောင့်ကြော်များ ဖြူးပေးရုံပါပဲ။
ငါးခြောက်ထောင်းကြော် နှင့် အတူ မရမ်းသီးထောင်း၊ သရက်သီးထောင်းလည်း ထည့်ရောကြော်စားလို့ ရပါတယ်။ 
 

No comments:

Post a Comment