Blogger Widgets

Saturday, April 13, 2013

Antral Gastritis အစာအိမ်ရောင်ခြင်း


Sat, Nov 24, 2012 at 4:31 PM
Mild antrum gastritis က ပျောက်ဖို့ အချိန်ကြာပါသလား။ သမီးအမြန်ဆုံး ပျောက်ချင်လို့ပါ။ အခုဆိုရင် ဘယ်မှ မသွားရပါဘူး။ အန်မှာစိုးရိမ်နေရလို့ပါ။

Antral gastritis ဆိုတာ အစာအိမ်အောက်ပိုင်းရောင်တာ ဖြစ်တယ်။ စားလိုက်တဲ့အစာတွေက အစာအိမ်ထဲကနေ ဆက်ပြီး အူသိမ်ထဲကို ဆင်းတော့မဲ့နေရာမှာရောင်နေတာ ဖြစ်တယ်။
• Bacterial ဗက်တီးရီးယား H pylori ကနေဖြစ်တာက အများဆုံး။ Tuberculosis တီဘီ၊ Syphilis ဆစ်ဖလစ်၊ Viral infections ဗိုင်းရပ်စ်၊ Fungus ဖန်းဂတ်စ်၊ Parasites ပါရာဆိုက်တွေဝင်လို့လဲဖြစ်မယ်လို့ ယူဆကြတယ်။ တခြားအကြောင်းတွေကနေလဲ ဖြစ်သေးတယ်။
• ဆေးဝါးတွေကနေဖြစ်စေနိုင်တယ်။ NSAIDS (Naproxen or Ibuprofen) အနာသက်သာဆေးတွေ၊ Steroids (စတီရွိုက်) ဆေးတွေ၊ Potassium (ပိုတက်ဆီယမ်)၊ Iron tablets သံဓါတ်ဆေား၊ Cancer ကင်ဆာဆေးတွေကနေ ဖြစ်စေနိုင်တယ်လို့ ယူဆတယ်။
• ပိုးကြောင့်မဟုတ်တာကို Autoimmune disorder အုပ်စုထဲမှာထည့်တယ်။ ရောဂါပြီးစနစ် ကမောက်ကမ ဖြစ်တာမျိုးကနေ ဆက်ဖြစ်လာတာပါ။
• စိတ်ဖိအား များလွန်းရာကနေလဲ ဖြစ်နိုင်သေးတယ်။
• Coffee ကော်ဖီ နဲ့ Tobacco ဆေးလိပ်တွေကနေဖြစ်သလားလို့ ယူဆတာလဲရှိတယ်။ Alcohol အပေါစားအရက်၊ အပြင်စား အရက်လဲပါတယ်။ အားလုံးက လက်ခံတဲ့အချက်တော့ မဟုတ်ပါ။
• Corrosives (Lye and Acid) လောင်စတာကို မြိုချရင်၊
• ဆရာဝန်တွေက ရောဂါရှာရာမှာ၊ ကုသရာမှာသုံးတဲ့ကရိယာကြောင့် ထိခိုက်တာ အမှတ်တမဲ့ အရာဝတ္ထုတခုခု (ပင်အပ်) မြိုချမိတာ၊
• အန်လွန်းလို့ကနေလဲဖြစ်နိုင်တယ်။ Pernicious anemia သွေးအားနည်းရောဂါ၊
• Unbalanced nutrition အစားအသောက်မမျှတတာ၊ Irregular nutrition အစားအသောက်မမှန်တာ၊ Poor quality food အစားအသောက်ညံ့တာ၊

ဘာကြောင့်ဖြစ်ဖြစ် ခံစားရတာတွေက အတူတူပါ။
• Indigestion အစာမကျေခြင်း အများဆုံးခံစားရမယ်။ အစာအောက်ဆင်းတာလဲနှေးစေမယ်။
• Nausea ပျို့မယ်။ အစာမရှဘဲလဲ အန်ချင်တယ်။ နည်းနည်းအန်ချင်တာနဲ့ အတော်ဆိုးဆိုးဝါးဝါး အန်ချင်တာ ဖြစ်နိုင်တယ်။ ကြာတော့ စားချင်စိတ်နည်းလာတတ်တယ်။ တခါတလေ အန်တဲ့ထဲ သွေးပါနိုင်သေးတယ်။
• Gas လေထမယ်။ အစာမကရောကဖြစ်လာရင် လေက ကဇော်ဖေါက်သလိုမို့ အနံ့ဆိုးမယ်။
• Discomfort အနေရခက်မယ်။
• Stool Changes ဝမ်းအနေအထား တချို့လူတွေမှာ ပြောင်းမယ်။ အရောင် ညိုမဲနိုင်တယ်။ သွေးပါနေခဲ့လို့ ကတ္တရာစေးလိုအထိ မဲနိုင်သေးတယ်။ အရေးပေါ်ကုသမှုခံယူပါ။
• အစကတည်းက ဒီရောဂါရှိနေရင် ကိုယ်ဝန်ဆောင်တော့ ပိုဆိုးလာတတ်တယ်။
• တခါတလေ ဘာလို့ဖြစ်သလဲ ဆရာဝန်တွေကမသိပါ။

ဒီရောဂါမှာ ဆရာဝန်-ပညာရှင်တွေကြားမှာလဲ အမြင်မတူတာတွေ ရှိတတ်ပါတယ်။
• Gastroscopist အစာလမ်းကို မှန်ပြောင်းနဲ့ ကြည့်တဲ့ဆရာဝန်က အစာလမ်းကိုဖုံးနေတဲ့ Mucosa အလွှာကို မျက်စိနဲ့ ကရိယာကတဆင့် ကြည့်တယ်။ လှုတ်ရှားနေတာ၊ အရောင်၊ Peristaltic waves အစာခြေလှိုင်းတွေကို မြင်သိတယ်။ အပေါ်ယံဖြစ်အနာကိုလဲမြင်တယ်။
• Radiologist ဓါတ်မှန်ဆရာဝန်ကတော့ အထူး-အပါးနဲ့ လှုတ်ရှားမှုကိုသိတယ်။ crater အနာခွက်ဖြစ်နေတာကိုလဲ သိတယ်။ Peristalsis အစာခြေလှိုင်းတွေကိုလဲ သိမယ်။
• Pathologist ရောဂါဗေဒဆရာဝန်ကတော့ အစာအိမ်တခုလုံးရဲ့ နံရံကိုသိတယ်။ အနုကြည်မှန်ဘီးလူးနဲ့ ပြောင်းလဲနေတာကို သိမယ်။

အများအားဖြင့် အသက် ၄ဝ-၇ဝ ကြားဖြစ်ကြတယ်။ ကျား-မ ဆတူဖြစ်တယ်။ စစ်ဆေးရတာမှာ အဲလိုဝေဝါးမှု ရှိတတ်သလို ရောဂါလက္ခဏာတွေအရ ဆုံးဖြတ်ရတာလဲ မရေရာသလိုနေတတ်တယ်။ ဥပမာ တချို့က စားလိုက်ရင် ပိုဆိုးပြီး တချို့က သက်သာတယ်။

ကုသနည်းတွေ -
• ဗက်တီးရီးယားကနေဖြစ်တာဆိုရင် ပဋိဇီဝဆေးပေးတယ်။
• Antacids အက်စစ်ပျယ်ဆေးလဲပေးတယ်။
• အစားအသောက်အကျင့်ကောင်း ပြောင်းပါ။ အဆီနည်းပါစေ၊ အဝကြီးတခါတည်းမစားပါနဲ့။ ထောပတ်၊ ကျော်ထားတာကို သတိထားစားပါ။ လတ်ဆတ်တဲ့အသီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို ပိုစားပါ။ အစာကိုအချိန်မှန်စားပါ။ အမျိုးအစားမှန်စားပါ။
• စိတ်အားလျှော့ဘို့လိုသူက လျှော့ချပါ။

• Gastric Juice အစာခြေအရည် http://dts-medicaleducation.blogspot.in/2012/03/gastric-juice.html
• GERD အချဉ်ရည် အထက်ဆန်ခြင်း http://dts-medicaleducation.blogspot.com/2011/01/gastroesophageal-reflux-disease-gerd.html
• Peptic Ulcer Diagnosis လေနာရောဂါကို ဆေးစစ်ခြင်း http://dts-medicaleducation.blogspot.com/2010/09/peptic-ulcer-diagnosis.html
• Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည် http://dts-medicaleducation.blogspot.com/2010/05/peptic-ulcer.html

ဒေါက်တာတင့်ဆွေ
၂၄-၁၁-၂ဝ၁၂

No comments:

Post a Comment